Skip to main content
menu

ဖြည့်စွက်လုပ်ဆောင်နိုင်သော ရေတိုစောင့်ရှောက်မှုလမ်းညွှန်

“ရေတိုစောင့်ရှောက်မှုလမ်းညွှန်” သည် မသန်စွမ်းသည့် အခြေအနေသူများအား စောင့်ရှောက်မှုပြုလုပ်ရာတွင် ယာယီ၊ ထာဝစဥ် သို့မဟုတ် မျှော်လင့်မထားသော အပြောင်းအလဲများအတွက် ပြင်ဆင်ရန် လူတစ်ဦးချင်း၊ မိသားစုများနှင့် အခြားစောင့်ရှောက်သူများကို အကူအညီပေးရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ ၎င်းကို COVID-19 အကျပ်အတည်းကာလအတွင်း ဦးစွာ ဖွံ့ဖြိုးလုပ်ဆောင်ခဲ့သော်လည်း ၎င်းသည် စောင့်ရှောက်မှုအတွင်း စီစဥ်ထားသည့် အပြောင်းအလဲများအတွက်ဖြစ်စေ ကပ်ဘေး၊ နာမကျန်းမှု၊ စောင့်ရှောက်မှုပေးသူကင်းမဲ့မှုကြောင့် ထွက်ပေါ်သော မမျှော်လင့်သည့် အပြောင်းအလဲများအတွက်ဖြစ်စေ စောင့်ရှောက်မှုအတွင်း အခြားအပြောင်းအလဲအတွက်ဖြစ်စေ အသုံးဝင်နိုင်သည့် စာရွက်စာတမ်းတစ်ခုဖြစ်နိုင်ပါသည်။ လူပုဂ္ဂိုလ်၏ ဆေးဘက်ဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် နေ့စဥ်အချိန်ဇယားနှင့်ဆိုင်သော အချက်အလက်များကို လမ်းညွှန်ချက် ဆိုင်ရာ အချက်အလက်များက အနှစ်ချုပ်ဖော်ပြပါသည်။

လမ်းညွှန်ချက်ကို "မှတ်တမ်းငယ်" အကူးအပြောင်း နှင့်အတူ တစ်ပါတည်း ဖြည့်စွက်လုပ်ဆောင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ အပြုအမူပိုင်းဆိုင်ရာ ကျန်းမာရေး (AIR-B) ကွန်ရက်ရှိ အော်တစ်ဇင်ရောဂါ ကာကွယ်တားဆီးမှုအတွင်း ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်သူများက ကျောင်းသား၏ မှတ်တမ်းငယ်ကို ဖွံ့ဖြိုးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ဤထုတ်ကုန်ကို ကျန်းမာရေး အရင်းအမြစ်များဆိုင်ရာ ဝန်ဆောင်မှုများ စီမံဆောင်ရွက်မှု (HRSA) ဆုနံပါတ် UA3 MC11055 HRSA PI- Kasari က ငွေကြေးထည့်ဝင်ပံ့ပိုးပါသည်။ မှတ်တမ်းငယ် တွင် လူပုဂ္ဂိုလ်၏ ဦးစားပေးနှစ်သက်မှုများ၊ ဆက်သွယ်ဆောင်ရွက်မှု ပုံစံများနှင့် စိတ်ပါဝင်စားမှုများနှင့် ပတ်သက်သည့် အရေးပါသော အချက်အလက်ကို ထည့်သွင်းထားသည်။

စာရွက်စာတမ်းများကို လူပုဂ္ဂိုလ်ကိုယ်တိုင် (ဆိုလိုသည်မှာ စောင့်ရှောက်မှုအတွင်း အကူးအပြောင်းကို ကြုံတွေ့ရသူ) နှင့် ၎င်းတို့၏ လက်ရှိစောင့်ရှောက်မှုပေးသူ(များ)က လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ဤစာရွက်စာတမ်းသည် ဖြည့်စွက်လုပ်ဆောင်ပြီးသည်နှင့် အသစ် သို့မဟုတ် ယာယီစောင့်ရှောက်မှုပေးသူအား ပံ့ပိုးပေး၍ အကူးအပြောင်းကို မည်သို့အကောင်းဆုံး အထောက်အပံ့ပြုရမည်ဆိုသည်ကို ၎င်းတို့အား နားလည်စေရန်တွင် ကူညီနိုင်သည့် စာရွက်စာတမ်းတစ်ခုဖြစ်နိုင်ပါသည်။

အဆိုပါစာရွက်စာတမ်းများနှင့် ပတ်သက်၍ ပြင်ဆင်ရန် လမ်းညွှန်ချက်များ-

  • လမ်းညွှန်ချက် နှင့် မှတ်တမ်းငယ်နှစ်ခုလုံးကို ဖြည့်စွက်လုပ်ဆောင်ပါPDF အတွင်း ဖြည့်စွက်လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်ကို အသုံးပြု၍ ဖြည့်စွက်လုပ်ဆောင်ပါ သို့မဟုတ် သင်ပရင့်ထုတ်ပြီး အကွက်များအတွင်း ရေးသားနိုင်ပါသည်။
  • စာရွက်စာတမ်းနှစ်ခုလုံးကို ဖော်ဆောင်မှုတွင် လူပုဂ္ဂိုလ်များကိုယ်တိုင် ပါဝင်နိုင်သမျှ ပါဝင်နိုင်စေရန် သေချာပါစေ
  • ဖြည့်စွက်လုပ်ဆောင်ထားသည့် စာရွက်စာတမ်းကို အလားအလာရှိသော ယာယီပြုစုစောင့်ရှောက်သူများနှင့်အတူ အချိန်ကြိုတင်၍ မျှဝေပြီး ဖြစ်နိုင်ပါက ညွှန်ကြားချက်များအပေါ် သေချာစွာ နားလည်သဘောပေါက်စေရန် ၎င်းတို့ကို လူကိုယ်တိုင်ပါဝင် ညွှန်ကြားပြသပေးပါ
  • နှစ်စဉ်နှစ်တိုင်း အပ်ပ်ဒိတ်လုပ်ခြင်နှင့် အကြောင်းအရာအတွင်း အဓိကအပြောင်းအလဲရှိတိုင်း စာရွက်စာတမ်းကို ပြန်လည်ကြည့်ရှုပါ
  • ပုံနှိပ်မူများကိုသာမက အီလက်ထရွန်းနစ်မူများကိုလည်း ထိန်းသိမ်းထားပါ
  • မိတ္တူတစ်ခုကို လူပုဂ္ဂိုလ်၏ စောင့်ရှောက်မှုဖိုင်တွဲအတွင်းဖြစ်စေ အရေးကြီးသော မိသားစုဆိုင်ရာ အခြားစာရွက်စာတမ်းများနှင့်အတူ နေရာတစ်ခုတွင်ဖြစ်စေ သိမ်းဆည်းထားပါ
  • လိုအပ်ချက်အရ စာရွက်စာတမ်းတွင် ထည့်သွင်းမည့်အချက်အလက်များကို ပံ့ပိုးရာတွင် အထောက်အကူပြုရန် တိုးတက်များပြားလာသည့်အုပ်စုကို ပါဝင်ပါစေ (ဥပမာ- သင်ကြားပို့ချသူများ၊ တိုးတက်များပြားလာသည့် မိသားစု၊ မွေးချင်းမောင်နှမများ)
  • လမ်းညွှန်အား ထပ်ဆောင်းအသုံးပြုနိုင်မှုများကို ထည့်သွင်းစဥ်းစားပါ (ဥပမာ- ပင်မစောင့်ရှောက်သူများက အားလပ်ရပ်ခရီးထွက်သည့်အခါတွင်)